Info Tentang Android Phone ထက်ပိုကောင်းတဲ့ iPhone ရဲ့ အားသာချက် (၈) ချက် Update Terbaru 2017 Gratis

Sedikit Info Seputar Android Phone ထက်ပိုကောင်းတဲ့ iPhone ရဲ့ အားသာချက် (၈) ချက် Terbaru 2017 - Hay gaes kali ini team Android Free User, kali ini akan membahas artikel dengan judul Android Phone ထက်ပိုကောင်းတဲ့ iPhone ရဲ့ အားသာချက် (၈) ချက်, kami selaku Team Android Free User telah mempersiapkan artikel ini untuk sobat sobat yang menyukai Android Free User. semoga isi postingan tentang Artikel Genaral Mobile Knowledge, yang saya posting kali ini dapat dipahami dengan mudah serta memberi manfa'at bagi kalian semua, walaupun tidak sempurna setidaknya artikel kami memberi sedikit informasi kepada kalian semua. ok langsung simak aja sob
Judul: Berbagi Info Seputar Android Phone ထက်ပိုကောင်းတဲ့ iPhone ရဲ့ အားသာချက် (၈) ချက် Full Update Terbaru
link: Android Phone ထက်ပိုကောင်းတဲ့ iPhone ရဲ့ အားသာချက် (၈) ချက်
"jangan lupa baca juga artikel dari kami yang lain dibawah"

Artikel Terbaru Android Phone ထက်ပိုကောင်းတဲ့ iPhone ရဲ့ အားသာချက် (၈) ချက် Update Terlengkap 2017


Android Phone နဲ့ iPhone နှစ်မျိုးထဲက ဘယ်အမျိုးအစားကို ၀ယ်ယူရမလဲဆိုတာ စဉ်းစားရခက်နေသူတွေအတွက် အရင်တစ်ပတ်မှာ iPhone ထက် ပိုကောင်းတဲ့ Android Phone ရဲ့ အားသာချက်များကို ရေးပေးခဲ့ပါတယ်။ ဒီတစ်ပတ်မှာတော့ iPhone ရဲ့ အားသာချက်များကို ရေးပေးမှာ ဖြစ်ပါတယ်။
iPhone များဟာ အကောင်းဆုံး Apps များကို အစောဆုံး ရရှိပါတယ်။
iPhone များဟာ စမတ်ဖုန်း ဈေးကွက်မှာ Android လောက် ဝေစုမများပေမယ့် Developer များကတော့ အကောင်းဆုံး Apps များကို iOS အတွက် အရင်ဆုံး ပြုလုပ်ပေးကြပါတယ်။ Android အတွက်လည်း နာမည်ကြီး Apps များစွာ ရှိပေမယ့် စွမ်းဆောင်ချက်နဲ့ ဒီဇိုင်းအပိုင်းမှာ iOS ကို မမှီပါဘူး။ အကောင်းဆုံး Apps များကို သင့်ဖုန်းမှာ အစောဆုံး အသုံးပြုချင်ရင် iPhone ကိုရွေးချယ်ပါ။
1
iPhone များဟာ ပိုမိုလှပပါတယ်။
HTC One နဲ့ Xiaomi Mi Note တို့က လွဲပြီး ခန့်ညားလှပတဲ့ Android Phone များစွာ မရှိပါဘူး။ Android Phone အများစုဟာ ပလတ်စတစ်နဲ့ ပြုလုပ်ထားပြီး ဒီဇိုင်း ညံ့ဖျင်းပါတယ်။ iPhone ကတော့ အစောပိုင်း မျိုးဆက်တွေကတည်းက ဒီနေ့အချိန်အထိ ဒီဇိုင်း အပိုင်းမှာ Android ထက် သာလွန်နေပါတယ်။
Apple Pay ဟာ အကောင်းဆုံး မိုဘိုင်းငွေပေးချေမှုစနစ် အမြန်ဆုံး ဖြစ်လာပါပြီ။
Apple Pay ဟာ အစောပိုင်း အဆင့်မှာသာ ရှိသေးပေမယ့် အရောင်းဆိုင် အတော်များများမှာ လက်ခံ အသုံးပြုနေကြပါတယ်။ အသုံးပြုရလွယ်ကူတဲ့ မိုဘိုင်းငွေပေးချေမှုစနစ်ကို တီထွင်တဲ့ တစ်ခုတည်းသော ကုမ္ပဏီဟာ Apple ဖြစ်လာပါတယ်။ ဒါ့အပြင် Apple ဟာ နာမည်ကြီး Credit Card Company များနဲ့ ဘဏ်များရဲ့ ထောက်ခံမှုကို ရရှိနေပါတယ်။
2
iPhone ကနေ သင့်အိမ်မှ အရာဝတ္တုများကို မကြာမီမှာ ထိန်းချုပ်နိုင်တော့မည်။
Apple ရဲ့ စမတ်နေအိမ် ပလက်ဖောင်း ဖြစ်တဲ့ HomeKit ဟာ ဒီနှစ်မှာ တော်တော် နာမည်ကြီးလာမှာပါ။ ဘာလို့လည်း ဆိုတော့ Device ထုတ်လုပ်သူများက HomeKit နဲ့ တွဲဖက် အလုပ်လုပ်မယ့် နေအိမ်သုံး ကိရိယာတွေကို စတင်ထုတ်လုပ်နေကြလို့ ဖြစ်ပါတယ်။ HomeKit ဟာ iPhone , iPad တို့ကနေ မီးချောင်းများလို သင့်အိမ်ရှိ အသုံးအဆောင်ပစ္စည်းများကို ထိန်းချုပ်နိုင်တဲ့ ပလက်ဖောင်း ဖြစ်ပါတယ်။ ဒီနှစ်နှောင်းပိုင်းမှာတော့ HomeKit နဲ့ တွဲဖက် အသုံးပြုနိုင်တဲ့ Gadgets များစွာ ပေါ်ထွက်လာမယ်လို့ မျှော်လင့်ရပါတယ်။
မိဘများက ကလေးများ အသုံးပြုတဲ့ Apps များကို ပိုမိုထိန်းချုပ်လာနိုင်မည်။
iOS 8 မှာ Apple က မိသားစုဝင်တွေ ပိုင်ဆိုင်တဲ့ Device များစွာကြားမှာ Apps , Books နဲ့ အခြားအရာများကို မျှဝေနိုင်တဲ့ Family Sharing ဆိုတဲ့ စွမ်းဆောင်ချက်ကို ထည့်သွင်းပေးလိုက်ပါတယ်။ Family Sharing ရဲ့ နောက်ထပ် အသုံးဝင်မှုက မိဘများအနေနဲ့ ကလေးများနဲ့ မသင့်တော်တဲ့ Apps များကို ပိတ်ပင်ထားနိုင်တာ ဖြစ်ပါတယ်။
iPhone ရဲ့ Fingerprint Sensor က ပိုကောင်းပါတယ်။
Samsung နဲ့ HTC တို့က သူတို့ရဲ့ Android Phone များမှာ Fingerprint Sensor များကို ထည့်သွင်းထားကြပေမယ့် iPhone ရဲ့ TouchID Sensor လောက် တိကျမှုမရှိသလို အသုံးမ၀င်ကြပါဘူး။ လွန်ခဲ့တဲ့နှစ်အနည်းငယ်က Apple ဟာ မိုဘိုင်း ကိရိယာများအတွက် အကောင်းဆုံး Fingerprint Sensor များကို တီထွင်တဲ့ Authentec ဆိုတဲ့ ကုမ္ပဏီကို ၀ယ်ယူခဲ့တာ ဖြစ်ပါတယ်။
iPhone 6 ရဲ့ ကင်မရာကို ယှဉ်နိုင်တဲ့ Android Camera အနည်းသာ ရှိပါတယ်။
Android Phone အနည်းငယ်မှာသာ iPhone 6 ကို ယှဉ်နိုင်တဲ့ ကင်မရာ ပါရှိပါတယ်။ iPhone 6 ကင်မရာဟာ အရည်အသွေးမြင့်မားတဲ့ ဓါတ်ပုံတွေကို ရိုက်ကူးနိုင်ပြီး slow-motion နဲ့ time-lapse video များကို ရိုက်ကူးနိုင်တဲ့ စွမ်းဆောင်ချက်တွေ ပါရှိပါတယ်။ ထွက်ပေါ်နေတဲ့ သတင်းတွေအရ နောက်ထွက်မယ့် iPhone ကင်မရာဟာ DSLR ကင်မရာတွေကိုတောင် ယှဉ်နိုင်အုံးမှာပါတဲ့။
Software ဟာ အမြဲတမ်း Update ဖြစ်မည်။
Google နဲ့ Apple ဟာ တစ်နှစ်ဝန်းကျင်လောက်မှာ OS Version အသစ်ကို ဖြန့်ချီလေ့ရှိပါတယ်။ ဒါပေမယ့် Google က ဗားရှင်းအသစ်ဖြန့်ချီလိုက်တာနဲ့ Android Phone တွေမှာ ရယူနိုင်ခြင်းမရှိပါဘူး။ Android Phone ထုတ်လုပ်သူတွေဟာ Android OS ကို သူတို့ရဲ့ Skin UI နဲ့ ပေါင်းစပ် ပြုပြင်ရပါတယ်။ Samsung က TouchWiz နဲ့ HTC က Sense UI တို့လို Skin UI တွေ ဖြစ်ပါတယ်။ အဲဒီအတွက် Android Phone ပိုင်ရှင်တွေဟာ Google က OS Version အသစ် ဖြန့်ချီပြီးနောက် လအနည်းငယ်ကြာမှသာ ဗားရှင်းအသစ်ကို ရရှိကြတာပါ။ ဒါတောင် စွမ်းဆောင်ရည်မြင့် ဖုန်းတွေအတွက်သာ OS Version အသစ်ကို ဖြန့်ချီပေးတာ ဖြစ်ပါတယ်။ iPhone ကတော့ ကွဲပြားပါတယ်။ iOS Version အသစ်တစ်ခု ဖြန့်ချီလိုက်တာနဲ့ iPhone User တွေဟာ Update ပြုလုပ်နိုင်ကြပါတယ်။

Itulah sedikit Artikel Android Phone ထက်ပိုကောင်းတဲ့ iPhone ရဲ့ အားသာချက် (၈) ချက် terbaru dari kami

Semoga artikel Android Phone ထက်ပိုကောင်းတဲ့ iPhone ရဲ့ အားသာချက် (၈) ချက် yang saya posting kali ini, bisa memberi informasi untuk anda semua yang menyukai Android Free User. jangan lupa baca juga artikel-artikel lain dari kami.
Terima kasih Anda baru saja membaca Artikel Tentang Android Phone ထက်ပိုကောင်းတဲ့ iPhone ရဲ့ အားသာချက် (၈) ချက်